ဗီရိုတွေထဲမှာ မီးဖိုးခန်းအတွက်ပြင်ဆင်တဲ့အခါ ဈေးအကြီးဆုံးကုန်ကျတတ်တာကြောင့် လိုအပ်တဲ့ပစ္စည်းတွေမဝယ်ခင်မှာ ဂရုတစိုက်စဉ်းစားရွေးချယ်ဖို့ လိုအပ်လှတယ်။ ကိုယ့်ရဲ့မီးဖိုခန်းလေးအတွက် ကိုယ့်အကြိုက်နဲ့ အလိုက်ဖက်ဆုံး မှန်ကန်တဲ့ဒီဇိုင်း၊ စတိုင်နဲ့အရောင်အသွေးရောစပ်မှုတွေ စူးစမ်းရှာဖွေကြည့်ထားရင်တော့ ပိုပြီး အဆင်ပြေနိုင်မှာပါ။

1

Traditional Elegance

ဗီရိုတွေမှာ classic ဆန်ပြီး အချိန်မရွေး ရေပန်းစားနေနိုင်တဲ့ ကြော့ကြော့မော့မော့ရှိလှတဲ့ စတိုင်ပါ။ ကရင်မ်အဖြူရောင် ပတ်လည်အဝန်းအနားတစ်လျှောက်

Read more: စိတ်ကြိုက်မီးဖိုခန်းလေး ပြင်ဆင်နိုင်ဖို့

ဆန်းသစ်တီထွင်မှုကို အသားပေးလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ရှေးကတည်းက အသုံးပြုလာကြတဲ့ ပရိဘောဂတွေကိုပဲ ဖန်တီးမှုအသစ်နဲ့ တီထွင်လာကြပါတယ်။ နိုင်ငံ အမျိုးမျိုး၊ ရာသီဥတုအမျိုးမျိုးနဲ့ လူမျိုးစုအမျိုးမျိုးတွေ ရှိကြပေမဲ့လည်း လူသုံးကုန်ပစ္စည်းတွေ သုံးစွဲရာမှာတော့

Read more: ဆန်းသစ်တီထွင် ပရိဘောဂဖက်ရှင်

cv

'ဘစိုးဥ' မြန်မာမှုအနုပညာရတနာများနဲ့ မြန်မာ့လက်မှုပစ္စည်းများကို ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းနဲ့ ဆရာစံလမ်းထောင့်ရှိဆရာစံ ပလာဇာပထမထပ်မှာ ဝယ်ယူရရှိနိုင်ပါတယ်။ ၂ဝဝဝ ပြည့်နှစ်က တည်းက မြန်မာမှု့လက်ရာတွေကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလာတဲ့ ဘစိုးဥ'ရဲ့ ပဲ့ကိုင်ရှင် ဒေါက်တာလှဝင်းအောင်ကို လက်ရှိဈေးကွက် အကြောင်းနဲ့ ဖန်တီးမှုစွမ်းရည်တွေ အကြောင်းကို Living Fashion ပရိသတ်အတွက် မေးမြန်းဖြစ်တဲ့အခါ ...

ဆရာ့အနေနဲ့ ဒီလုပ်ငန်းကိုဘယ်အချိန်မှာစတင်ပြီး ဈေးကွက်ထိုးဖောက်ခဲ့တာပါလဲ။ ဒီလုပ်ငန်းကို ရွေးချယ်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြပေးပါ။

ကျွန်တော့်အနေနဲ့ ၂ဝဝဝ ပြည့်နှစ်ကစပြီး ယုဇနကွန်ဒိုတာဝါအောက်ထပ်မှာ အိမ်တွင်းစက်မှုလက်မှု သမဝါယမနဲ့ ယုဇနဦးဌေးမြင့်တို့နဲ့ဖွင့် တဲ့ မြန်မာ့ရိုးရာ လက်မှုစင်တာမှာ ရေဆေး၊ ဆီဆေးပန်းချီကားတွေ၊ ကျောက်စိမ်းနဲ့ပတ်သက်တဲ့ ပစ္စည်းတွေရောင်းခဲ့တယ်။ တစ်နှစ် လောက်ကြာတော့ သမဝါယမဝန်ကြီးဌာနက ပိုင်တဲ့ ဆရာစံပလာဇာ မှာ ကျောက်စိမ်းနဲ့ပတ်သက်တဲ့လက်မှုပစ္စည်းလေးတွေ၊ ကျောက်စီပန်းချီကားတွေ ရောင်းတယ်။ နောက်တော့ ကျောက်စီပန်းချီရောင်း တဲ့ လုပ်ငန်းရှင်တွေ တအားများလာတယ်။ ဈေးကွက်ကလည်း ပျက်သလိုဖြစ်လာတယ်။ အဲဒါနဲ့ ကျောက်စီပန်းချီလုပ်နေရာကနေ သစ်သားတွေနဲ့ အိမ်အလှဆင်ဖို့ ပစ္စည်းတွေ ဖန်တီး တီထွင်ချင်လာတယ်။ အတုမရှိ ကျောင်းတော်ကြီးတွေ၊ မန္တလေးရွှေကျောင်း တော် သွားရောက်လေ့လာတဲ့အခါကျတော့ ရှေးဟောင်းပစ္စည်းအတုလည်းမဟုတ်၊ ရှေးဟောင်း ပစ္စည်းလည်းမဟုတ်တဲ့ အရာတွေနဲ့ နန်းဆန်ဆန်၊ တော်ဝင်ဆန်ဆန် Decoration ပြင်ချင်သူတွေအတွက် သစ်သား ပြားတွေကို တီထွင်ချင်လာတယ်။ ဒါကြောင့် ကျွန်းပန်းပြားတွေကို စစ်စီး သုတ်တယ်။ ပြီးတော့ မြေတိုက်ပိတ် တယ်။ မြန်မာ့ပန်း ၁ဝ မျိုးထဲမှာပါတဲ့ သစ်ရိုးပညာအခြေခံတာပေါ့နော်။ အဲဒီ့အပေါ်မှာ ကြေးအမှုန်နဲ့ ပရပ်ရှိ တိုက် တယ်။ ကြက်ခိုးတွေနဲ့တိုက်တယ်။ နွားချေးက ထွက်လာတဲ့ ပြာရယ်၊ စစ်စီးအနှစ်ရယ်၊ ထနောင်းပင်က အဆီရယ်ကို ထုထောင်းပြီး နန်းဆွဲ တယ်။ ရုပ်တုပေါ်မှာကပ်ပြီး အလှဆင်တယ်။ တချို့က အဖိုးတန်တဲ့ ကျွန်းသစ်တွေကို ဖျက်ဆီးတယ်လို့ ထင်ကြတယ်။

basoe0

ကျွန်တော်က တန်ဖိုးကြီးတဲ့ ကျွန်းသစ်တွေကို ဖျက်ဆီးနေတာ မဟုတ်ပါဘူး။ ကျွန်းသစ်ဆိုရင် တကယ်အနှစ်ပါတဲ့ သဘာဝတရားက ဖန်တီး ပေးထားတဲ့ ကောက်ကြောင်းတွေပါတာကို မဖျက်ဆီးပါဘူး။ ကျွန်တော်က မဟော်ဂနီ၊ ယင်းတိုက်၊ ယမနေ၊ ကုက္ကိုလ်တွေကို လုပ်ပါတယ်။ ဈေး ကွက်က ယိုးဒယားကို ပို့ပါတယ်။ ယိုး ဒယားက ဟိုတယ်တွေမှာ အလှဆင် ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော့် ကုမ္ပဏီတံဆိပ် အကပ်မခံဘူး။ သူတို့ ဘာသာဖန်တီးသလို ပုံစံဖမ်းတယ်။ ပစ္စည်းပေးပြီး လက်ခစားလည်း ခိုင်းချင်တယ်။ ကျွန်တော်က လက် မခံဘူး။ မြန်မာပြည်ဈေးကွက်မှာ သစ်ရိုးပေါ်မှာ လက်မှု ပညာတွင်တာ ကျွန်တော်ပဲရှိတာပါ။ နောက်ပိုင်းတော့ လိုက်လုပ်ကြတာ ရှိလာတယ်။ ဒါပေမဲ့ ဒီ ပစ္စည်းတွေကို ချစ်တာရယ်၊ တန်ဖိုးထားတာ ရယ်၊ စေတနာရယ်ကတော့ တူမယ်မထင် ပါဘူး။ မြန်မာ့ရိုးရာလက်မှု့ပစ္စည်းတွေကို ထိန်းသိမ်း ချင်လို့ကို ဒီအလုပ်ကို ရွေးချယ်တာပါ။ ကျွန်တော့်တစ်အိမ်လုံးကိုလည်း ဒီပစ္စည်းတွေနဲ့ အလှဆင်ထားပါတယ်။

baso

ဆရာကိုယ်တိုင်ရော လုပ်ငန်းခွင်မှာ အလုပ်သမားတွေနဲ့အတူတူ ဖန်တီးထုတ် လုပ်ပါသလား။

ဟုတ်ကဲ့လုပ်ပါတယ်။ ပစ္စည်းတစ်ခုကို စိတ် တိုင်းမကျဘဲ ကျွန်တော့်လက်ထဲက မလွှတ်ပါဘူး။ ဝန်ထမ်းတွေဆိုလည်း နေစရာပေးတယ်။ ကလေးတွေရှင်ပြု ပေးတယ်။ တချို့ကျွန်တော့်ဝန်ထမ်း တွေကို ယိုးဒယားက ကျွန်တော်ပေး တာထက် ၁ဝ ဆပေးပြီး ခေါ်ကြတယ်။ သွားလုပ်ကြရင်လည်း အများဆုံး တစ် လကနေပြီး ပြန်ရောက်လာကြတယ်။ ကျွန်တော့်ကို ဝန်ချတောင်းပန်ပြီး ပြန် လုပ်ကြတယ်။ ဟိုမှာ သူတို့ လိုချင်တာပဲပြပြီး လုပ်ခိုင်းတယ်။ ကျွန်တော် အလုပ်ရှင်၊ အလုပ် သမားစိတ်ဓာတ်မထားဘူး။ အတူတူ အလုပ်လုပ်တယ်။ ပစ္စည်းဖြန့်ရင် လည်း ဝန်ထမ်းယုံကြည်ပြီး တစ်ခါမှ ပြီးပြီးရောလုပ်ပြီး မဖြန့်ခိုင်းဘူး။
ကိုယ်တိုင်ကျေနပ်တဲ့ အဆင့်ရောက်မှဖြန့်တယ်။ ပညာလည်း မလျှိုထားဘူး။ လစာအပြင် ဘောက်ဆူးလည်း ပေးထားပြီး အလုပ်ကို စေတနာထားအောင် သွန်သင်ပါတယ်။

အခုဆိုရင် ကျွန်မတို့ နိုင်ငံက ခရီးသွားလုပ်ငန်းတွေ ဖွံ့ ဖြိုးတိုးတက်လာတော့ မြန်မာမှုလက်ရာ ပစ္စည်းတွေ ဈေးကွက်က နိုင်ငံခြားသားတွေအတွက်ရော၊ ပြည်တွင်းက ဝါသနာရှင် တွေအတွက်ပါ ဘယ်လိုအနေအထားရှိပါသလဲ။ အားသာချက်၊ အားနည်းချက် ပြောပြပါ။

အားနည်းချက်က ကုန်ကြမ်းရှားလာတာပါ။ ကုန်ချောထွက်လာပြီဆိုရင်တော့ နိုင်ငံတော်ဧည့် ဂေဟာတွေနဲ့ ဟိုတယ်တွေက ဒီလိုလက်မှုပစ္စည်းတွေပဲ မှာယူတယ်။ ဟိုတယ်တွေများလာတော့ ဈေးကွက် ကျယ်လာတယ်။ ဒါက အားသာချက်။ ဒီအလုပ်လုပ် လာတဲ့ ၇ နှစ်မှာ ထိထိရောက်ရောက် အောင်မြင်တာ ၂ နှစ်ရှိပါပြီ။

basoe2

ဘစိုးဥဆိုင်မှာ ဘာပစ္စည်းတွေ ရနိုင်ပါသလဲ။

ကျွန်တော်တို့ဆိုင်မှာ ရွှေခြည်ထိုးလက်မှုပစ္စည်း တွေ၊ ရေဆေး၊ ဆီဆေး ပန်းချီကားတွေ၊ မြန်မာ့ရွှေစောင်း နဲ့ ကျွန်းပန်းပြားတွေကို မြန်မာမှုလက်ရာစစ်စစ်နဲ့ ရောင်းချပေးပါတယ်။ ကျောက်စိမ်းပုတီး၊ ကျောက်စိမ်းလည် ဆွဲ၊ ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းပန်းပုနဲ့ ကျောက်မျက်ရတနာတွေလည်း ရရှိနိုင်ပါတယ်။

ba

မြန်မာ့လက်မှုပညာပစ္စည်းတွေကို နှစ်သက်တဲ့ လူတွေအတွက် စကားလက်ဆောင်ပြောပေးပါ။

မြန်မာ့ရိုးရာ လက်မှုပစ္စည်းဆိုတာက ရှေးဘိုးဘွားဘီဘင် အစဉ်အဆက်ကတည်းက ထိန်းသိမ်းလာကြတဲ့ ပစ္စည်းတွေပါ။ ပုဂံ မြစေတီဘုရားမှာဆိုရင် မွန်ဘာသာ၊ ပျူဘာသာ၊ မြန်မာဘာသာ၊ ပါဠိဘာသာဆိုပြီး ရေးထိုးထားတယ်။ ပျူလူမျိုးတွေမရှိတော့ဘူး။ ပျူယဉ်ကျေးမှုမရှိတော့လို့ လူမျိုးဆိုတာ ပျောက်ကွယ် သွားတာ။ ယဉ်ကျေးမှုတွေ ထိန်းသိမ်းထားသ၍ ကမ္ဘာမှာ မြန်မာဆိုတာ ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ နိုင်ငံခြားအသုံးအဆောင်တွေက ရိုးအီလွယ်ပါတယ်။ မြန်မာ့လက်မှု့ပစ္စည်းတွေနဲ့ အိမ်အလှဆင်တာကလည်း ကျက်သရေရှိပါတယ်။ ဒီပစ္စည်းတွေရောင်းနေလို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ဆီမှာ ရှိနေတဲ့ မြန်မာမှုပစ္စည်း တိုင်းကို ထိန်းသိမ်းကြပါလို့ ပြောချင်ပါတယ်။

NN

 

 

1

ပရိဘောဂစတိုင်တွေဟာ  ဒီနေ့ခေတ်မှာ ကိုယ်နှစ်သက်တဲ့စတိုင်၊  ကိုယ်ရဲ့ အခန်းအကျယ်အဝန်း၊ အသွေးအရောင်လေးတွေ ရောနှောပေါင်းစပ်ပြီး စတိုင်သစ်တွေ ထုတ်လာကြတယ်။  နည်းစနစ်ဟောင်းနဲ့ စတိုင် အမျိုး အစား နမူ နာလေးတွေ တစ်ခုစီ သိထားနိုင်ရင်ဘာတွေ ရောနှောပေါင်းစပ်နိုင်မလဲ။ ဘယ် စတိုင်လေး တွေက

Read more: စတိုင်များတဲ့ သူတို့တစ်တွေ

indoor-plants

အိမ်ဆိုတာ မိသားစုတိုင်း အတွက် နွေးထွေးတဲ့ နေရာလေးတစ်ခုပါ။ အားချိန်လေးများ ရှိလာရင် အများစုဟာ အပြင် ထွက်လည်ပတ်ဖို့ထက် အိမ်တွင်းမှာပဲ နွေးထွေးစွာနေပြီး စာအုပ်ဖတ်ခြင်း၊ တီဗီကြည့်ခြင်း စ တာတွေနဲ့အနားယူ လာကြပါတယ်။ အပြင်ထွက်ရင် ငွေကုန်မယ်၊ လူပင်ပန်း မယ် စတာတွေကြောင့် အိမ်ထဲမှာနေလာကြပေမယ့် မြေနေရာ ရှားပါးပြီး လူဦးရေ ထူထပ်မှုတွေကြောင့် ခြံနဲ့ဝင်းထက် တိုက်ခန်းေ တွမှာအနေများလာကြတဲ့အခါ သန့်ရှင်းတဲ့ လေက လိုလာပါပြီ။ မိုးနဲ့ဆောင်းလို အချိန်မျိုးတွေမှာ အိမ် တံခါးပိတ်ထားရတာများတဲ့အတွက် အိမ်တွင်းလေဟာ မသန့်ရှင်းမှုတွေ စုလာပါတယ်။ ဒီအခါ ပထမဆုံးခံ စား ရမှာ ကအသက်ရှူမဝတာဖြစ်ပြီး ဒီကတစ်ဆင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ ကို ဖြေရှင်းရာရောက်သလို စိတ်ကိုလည်း အပန်းပြေစေတဲ့ ဖြေရှင်းနည်းက အိမ်တွင်း မှာ လေထုကိုသန့်ရှင်းမှုပေးနိုင် တဲ့ အိမ်တွင်းစိုက်သစ်ပင်ကလေးတွေကို စိုက်ပျိုးဖို့ပဲဖြစ်ပါ တယ်။ အပင်တွေဟာ လူသား တွေအတွက် မရှိမဖြစ်လိုအပ် တဲ့ အောက်ဆီဂျင်ဓာတ်ငွေ့ကို ပြန်ထုတ်ပေးနေတာ အား လုံး အသိပါပဲ။ ဒါကြောင့်ဒီလို စုပ်ယူနိုင်တဲ့ အစွမ်းရှိတာချင်း အတူတူ သူများထက် ပိုပြီး အစွမ်းထက်အာနိသင်ရှိနေသလို မျက်စိပသာဒ လည်း ဖြစ်စေတဲ့ Indoor Plants လေးတွေ စိုက်ပျိုး ကြည့်ရအောင်။

Read more: အိမ်တွင်းက လေ သန့်ရှင်းဖို့ ကူညီပေးမယ့် INDOOR PLANTS

  •  Start 
  •  Prev 
  •  1  2 
  •  Next 
  •  End 
Go to top