ဗီရိုတွေထဲမှာ မီးဖိုးခန်းအတွက်ပြင်ဆင်တဲ့အခါ ဈေးအကြီးဆုံးကုန်ကျတတ်တာကြောင့် လိုအပ်တဲ့ပစ္စည်းတွေမဝယ်ခင်မှာ ဂရုတစိုက်စဉ်းစားရွေးချယ်ဖို့ လိုအပ်လှတယ်။ ကိုယ့်ရဲ့မီးဖိုခန်းလေးအတွက် ကိုယ့်အကြိုက်နဲ့ အလိုက်ဖက်ဆုံး မှန်ကန်တဲ့ဒီဇိုင်း၊ စတိုင်နဲ့အရောင်အသွေးရောစပ်မှုတွေ စူးစမ်းရှာဖွေကြည့်ထားရင်တော့ ပိုပြီး အဆင်ပြေနိုင်မှာပါ။

1

Traditional Elegance

ဗီရိုတွေမှာ classic ဆန်ပြီး အချိန်မရွေး ရေပန်းစားနေနိုင်တဲ့ ကြော့ကြော့မော့မော့ရှိလှတဲ့ စတိုင်ပါ။ ကရင်မ်အဖြူရောင် ပတ်လည်အဝန်းအနားတစ်လျှောက်

အနက်ရောင်အလွှာထပ်ပိုးထားတဲ့ ဗီရိုတွေဟာ ကိန်းကြီးခမ်းကြီးနိုင်သလိုဟန်ပန်ရှိနေပေမဲ့ လေးကန်ထိုင်းမှိုင်းသွားနိုင်တဲ့ ရိုးရာစတိုင်ထဲက ကွဲထွက်နေပါတယ်။

2

Urban Update

၁၉၂ဝ ခုနှစ်ထဲက ဝေလနယ်ထဲက အလယ်ခေတ်ဗိသုကာလက်ရာ တော်ဝင် Tudor house ပုံစံမှာ ရှင်းရှင်းသန့်သန့်လိုင်းကြောင်းတွေနဲ့ ခေတ်မီ စတိုင်ပေါင်းစပ်ထားတာ ဒီမီးဖိုခန်းလေးမှာ မြင်တွေ့နိုင်တယ်။

j3

Updated Vintage

အမြဲတမ်း ခေတ်စားနေခဲ့တဲ့ Vintage စတိုင်ကို ဝက်သစ်ချသားပွတ်လုံးထိုင်ခုံတွေနဲ့ တွဲဖက် အလှဆင်ထားပါတယ်။

j4

A Touch of Italy

အီတလီအလယ်ပိုင်း Tuscan ဒေသ စတိုင်လွှမ်းမိုးနေတဲ့ မီးဖိုခန်းကို မီးလင်းဖိုနေရာ ထပ်ပေါင်းထည့်ထားတဲ့ပုံစံပါ။

ju5

Sleek Transitional Style

ရိုးရာအစဉ်အလာမပျက်သုံးလာတဲ့ စတိုင်မှာ ရိုးရှင်းအသုံးဝင်ပြီး ကိန်းခန်းကြီးနေတဲ့ ဟန်မရှိ၊ ရိုးသားတဲ့ Shaker စတိုင်နှစ်မျိုးလုံးရောမွှေထားတဲ့ ပုံစံပါ။

ju6

Modern Scandinavian Style

သစ်သားလွှာ ဖော်မိုင်ကာအလွှာအုပ်ထားတဲ့ ဗီရိုကိုပဲ အခြေခံပြီး စိမ်းဝါရောင်နဲ့ အေးဆေးတည်ငြိမ်တဲ့ ခဲရောင်ပေါင်းစပ်ထားတော့ ခပ်ရိုးရိုးပေမဲ့ စွမ်းအား ရှိတဲ့စတိုင်လို့ ဆိုကြတယ်။

ju7

Farmhouse Charm

Antique ပရိဘောဂစတိုင်ဗီရိုနဲ့ Country စတိုင်စားပွဲတို့ ပေါင်းစပ်ထားတယ်။ သစ်သားအရောင်နဲ့ ရေညှိစိမ်းဖျော့ဖျော့ အရောင် ရောနှောထားတာ အဆင်မပြေတဲ့ အသွေးအရောင်ပေါင်းစပ်မှုလို့ဆိုပေမဲ့ ကျေးလက် သဘာဝအရသာအပြည့်ရနိုင်တဲ့ စတိုင်ဖြစ်နေပါတယ်။

ju8

Retro Contemporary

ရိုးအီဟောင်းမြင်းနေပြီလို့ ထင်ရပေမယ့် ဒါဟာ ခေတ်နဲ့အပြိုင် အမြဲဖမ်းစားနေမယ့် စတိုင်ပါ။

ju9

Customize with Color

ရိုးရှင်းတဲ့ Shaker စတိုင်မှာ အရောင်တွေစိတ် ကြိုက်ပေါင်းထည့်ထားပါတယ်။

j10

Classic White

အဖြူရောင် မီးဖိုခန်း အားလုံးဟာ အလွန့်အလွန် ခေတ်စားလှတဲ့ စတိုင်ပါ။

ju11

Clean and Contemporary

ရှင်းရှင်းသန့်သန့်ချစ်စရာကောင်းလှတဲ့ ခေတ်ပြိုင် လက်ရာ မီးဖိုခန်းလေးက စိတ်ကြိုက်တွေ့နိုင်တဲ့ ပုံစံ ဖြစ်နေပါတယ်။

ju12

Easy-Access Cabinets

ကိုယ်အသုံးလိုလိုက်တိုင်း လွယ်လင့်တကူ လက်လှမ်းယူနိုင်တဲ့ အဆင်အပြင်မျိုးလို့ ဆိုကြတယ်။

ju13

Classic French Flair

ကျက်သရေရှိလှတဲ့ ခမ်းနားတောက်ပနေတဲ့ မီးဖို ခန်းပါ။ ပြင်သစ်ဗိသုကာလက်ရာခြေထောက်စတိုင်ပရိဘောဂတွေဟာဘုရင် Louis XIV ခေတ်မှာ အခြေခံလာခဲ့တဲ့ လက်ရာမျိုးပါ။

ju14

Modern Cottage

နံရံကပ်အမြင့်မှာ တပ်ဆင်ထားတာမျိုး မဟုတ်တဲ့ စားပွဲသာသာရဲ့ အောက်ဘက်မှာ အလွယ်တကူ သိမ်းဆည်းယူထုတ်နိုင်တာမို့ မီးဖိုခန်းမှာ ကူညီပေးချင်တဲ့ သားသားမီးမီးလေးတွေရှိတဲ့ မိသားစုမျိုးဟာ ဒီပုံစံကို အသုံးပြုကြတယ်။

july15

Victorian Shaker Style

ခရစ်တော်ရှင်ပြန်ထမြောက်လာပြီး နောက်ပိုင်းစတင်အသုံး ပြုလာခဲ့တဲ့ Shaker စတိုင်မှာ Victorian ခေတ်လက်ရာပေါင်းစပ်ထားပါတယ်။

juu16

Colorful Industrial Style

အရောင်စုံ ထုတ်လုပ်ထားတဲ့ ဒီဇိုင်းလက်ရာမို့ ဒါကလည်း လူကြိုက်များတဲ့ ပုံစံပါပဲ။

july17

Country French Authenticity

Country စတိုင် လူနေမှုပုံစံနဲ့ လိုက်ဖက်တဲ့ မီးဖိုခန်းပုံစံပါ။

julu18

Updated Arts and Crafts

ခေတ်နဲ့အညီ မွမ်းမံထားတဲ့ မီးဖိုခန်းပါ။ လက်မှုပစ္စည်း မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ ပြင်ဆင်ဖို့ လိုက်ဖက်ပါတယ်။

jullu19

Timelss Traditional

ရိုးရာအစဉ်အလာ ဓလေ့ထုံးစံတစ်ခုလို ခင်းကျင်းထားတဲ့ ပုံစံမို့ ထာဝရမရိုးနိုင်အောင် စွဲဆောင်မှုရှိပေမယ့်လည်း သီးသန့်ဆန်နေတာကြောင့် အိမ်မကြီးရဲ့ ပြင်ဆင်မှုကိုပါထည့်တွက်ရမယ့် ပုံစံမျိုးပါ။

july20

Specialized Storage

အထူးသိမ်းဆည်းလိုတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ တင့်တယ်လှပစွာ ထားသိုနိုင်တဲ့ ပုံစံပါ။

ဖြိုးဖြိုး
Source: Kitchen Cabinet Ideas | Better Home and Gardens(www.bhg.com)

 

 

 

Go to top