စိတ်ကူးဥာဏ်ရှိပြီး အလွန်ဆန်းသစ် တီထွင်တတ်တဲ့ ကမ္ဘာတစ်လွှားက ပန်းအလှပြုပြင်သူတွေဟာ ဈေးအကြီးဆုံးပန်းတွေကို သုံးစွဲဖော်ထုတ်တင်ပြကြလေ့ရှိတယ်။ ကမ္ဘာတစ်လွှားက ပန်းချစ်သူတွေဟာလည်း အဲဒီဈေးအကြီးဆုံးပန်းတွေကိုမှ ရှာရှာဖွေဖွေ ထိုက်သင့်သလို အသုံးပြုလေ့ရှိကြတယ်။ ဒါကြောင့် ကမ္ဘာအနှံ့အပြားက ဈေးအကြီးဆုံး ပန်း ၁ဝ မျိုးကို ဂုဏ်ယူစွာ ဖော်ပြပေးလိုက်ပါတယ်။

10265

 

Lisianthus Flower
($10 - $ 35 per bundle)

Lisianthus ပန်းဟာ တစ်စီးကို ဆယ်ဒေါ်လာ ကနေ ၃၅ ဒေါ်လာထိပေးဝယ်ရပါတယ်။ Valentine’s Day Mother’s Day နဲ့  မင်္ဂလာပွဲတို့အတွက် အလွန်ညို့ယူဆွဲဆောင်တတ်တဲ့ ပန်းမျိုးတွေဖြစ်ပါတယ်။ မိတ်ဆွေတွေကို

ပန်းလက်ဆောင်ပေးမလား၊ ဘွဲ့ယူအခမ်းအနားအတွက် သုံးစွဲမလား အလွန်တင့်တယ်ပြီး အဖိုးထိုက်တန်တဲ့ ပန်းမျိုးတွေ ဖြစ်ပါတယ်။

9269

Lily of the Valley
($15 – $50 per bundle)

လီလီပန်းဆိုရင်တစ်စီးကို ၁၅ ဒေါ်လာကနေ ဒေါ်လာ ၅ဝ ပေးဝယ်မှရနိုင်ပါတယ်။ ဒါပေမဲ့လည်း တစ်ခုဆိုးတာက အနံ့ချိုမွှေးပြီး အဆိပ်အတောက် ရှိနေပြန်ပါတယ်။ သူ့ကို သုတေသနပညာရှင်တို့က Lily of the Valley (Convallaria majalis) လို့  ခေါ်တွင်စေပြီး သိမ်မွေ့တယ်၊ အကြမ်းမခံဘူး၊ အနံ့ မွှေးတယ်။ အဖူးလေးတွေက ခေါင်းလောင်းပုံကလေး စသဖြင့် သိဒ္ဓိတင် မဆုံးကြဘူး။ ခရစ်ယာန်ဘာသာအရ ရေဖျန်းခံ မင်္ဂလာအခမ်းအနားတွေမှာလည်း အရေးတယူ သူ့ကိုမှ ရှာရှာဖွေဖွေ ပွဲထုတ်ကြလေ့ရှိတယ်။

hydraquerrow

Hydrangea
($6.5 per stem)

ပင်စည်မှာ အတွဲလိုက်၊ အပြုံလိုက် ၊ အြ>ွပတ်လိုက် အခိုင်လိုက်သီးကြတဲ့ ပန်းက Hydrangea ရယ်လို့ လူသိများထင်ရှားပါတယ်။ တစ်ခိုင်ကို ၆.၅ ဒေါ်လာပေးရပါတယ်။ ပန်းရောင် ခရမ်းရောင်နဲ့ မရမ်း စသည်ရှိကြပေမဲ့များသောအားဖြင့် ဝိုင်းဝန်းတဲ့ အပြာရောင် အပွင့်ကလေးတွေပါ။ စပါးသီးနှံရိတ်သိမ်းချိန် နွေဦးရာသီများမှာ ပွင့်တတ်ပါတယ်။

7280

Gloriosa
($6 – $10 per flower)

တောင်အာဖရိကနဲ့ အာရှနွယ်ဖွားရယ်လို့ လူသိထားတဲ့  Gloriosa ပန်းလေးတွေကတော့ ရှားပါးပြီး အဖိုးထိုက်တန်လှတဲ့ပန်းမြတ်တော်ဝင်ပါ။ တစ်ပွင့်ကို ၆ ဒေါ်လာကနေ ၁ဝ ဒေါ်လာအထိ ရှားရှားပါးပါးပေးဝယ်ရပါတယ်။ အနီ၊ အဝါ ၊ လိမ္မော်စသည့် ရောင်စုံ ရှိပါတယ်။ ပွင့်ဖတ်က ၃ မီတာ ရှည်ပါတယ်။

6290

17th Century Tulip Bulb
(10,000 guilders or $5,700

၁၇ ရာစုနှစ်ကဆိုရင် ကျူးလစ်ပန်းအဖူးတွေကို ဟော်လန်သုံးငွေ ၁ဝ,ဝဝဝ သို့ မဟုတ် ဒေါ်လာ ၅,၇ဝဝ ပေးရပါတယ်လို့ဆိုရင် ပိုတယ်ထင်မလား။ ဒါက တကယ်ပါ။ လူကို ဆွဲဆောင်နိုင်တာ ကျူးလစ်ပဲ ရှိတယ်လို့  ပန်းအလှပညာရှင်တွေက ဆိုရိုးစကားထားခဲ့တယ်။ ကြည့်ပါ။ သေချာကြည့်ပါ။ တစိမ့်စိမ့်ကြည့်ပါ။ ကျူးလစ်ရဲ့အလှဟာ ရက်ရက်စက်စက်လှနေတာပါလို့ ဟော်လန်လူမျိုးတွေက အားပါးတရပြောလေ့ ရှိပါတယ်။ ချစ်ခင်မြတ်နိုးတွယ်တာခြင်း သင်္ကေတ သဘောကိုလည်း ဆောင်ပါတယ်။

5311

Saffron Crocus
($1200 – $1500 per pound)

Saffron Crocus ဆိုတာကတော့ ခရမ်းရောင်အဆင်းရှိပြီး ရှားပါးရုံမျှမက အလှမှာ အယဉ်ဆင့်လို့ အဖိုးထိုက်တန်လွန်းလို့ ပန်းသုတေသန ပညာရှင်များ က တစ်ပွင့်ကို ဒေါ်လာ ၁၂ဝဝကနေ ၁၅ဝဝ ထိကြေး ထိုက်ပေတယ်ဆိုပြီး ဈေးဖြတ်ထားပါတယ်။တချို့ကလည်း ကုံကမံလို့ ခေါ်ကြတယ်။ ခရမ်းရောင်များ များပွင့်တယ်။ ပွင့်ဖိုစေ့ဝတ်ဆံဟာ အဝါရောင် ဖြစ်ပါတယ်။ စိုက်ပျိုးထွန်ယက်လို့ ရယူနိုင်ပေမဲ့ အလွန်ဈေးကြီးပြီး အဖိုးထိုက်တန်ပေတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့အပြင် အနံ့မှာလည်း တသင်းသင်းမွှေးကြိုင်ပါတယ်။

43


Gold of Kinabalu Orchid ($6000 per piece)

ရွှေသစ်ခွလို့ပဲ အလွယ်ခေါ်နိုင်ပါတယ်။ တစ်ပွင့်ကို ဒေါ်လာ ၆ဝဝဝ ပေးဝယ်ရပါတယ်။ ဝယ်ယူသူကလည်း ဂုဏ်ယူဝင့်ြ<ွကားစွာ အမွှမ်းတင်ပြောဆိုလေ့ရှိကြတယ်။ ရှည်လျားတဲ့ ပွင့်ဖတ်စိမ်းတွေမှာ အနီရောင်အပြောက်အမွှမ်းတွေနဲ့ သူ့ကိုယ်မှာ စီခြယ်ထားပါတယ်။ ရှားပါးပစ္စည်းမို့လည်း လူကြိုက်များ နေတာဖြစ်ပါတယ်။ ဧပြီလ၊ မေလတို့မှာသာ ပွင့်လေ့ရှိပါတယ်။

Shenzhen-Nongke-Orchid

Shenzhen Nongke Orchid

Shenzhen Nongke Orchid ကတော့ ယွမ်ငွေနဲ့ဆိုရင် သန်းချီတန်နေပြီး ဒေါ်လာ၂ သိန်းနီး ဈေးမြောက်နေပါတယ်။ ယွမ်ငွေ ၁.၆၈ သန်း ကနေ ဒေါ်လာ၂သိန်းနီးပါး တန်ကြေးရှိသတဲ့။ ဒါက လူလုပ်သစ်ခွပါ။ ဒီပန်းကို ဖြစ်မြောက်အောင်မြင်အောင်ထုတ်လုပ်ဖို့ သုတေသနဆရာတွေ ၈ နှစ်တိတိ ကြံဆခဲ့ကြရပါတယ်။ သင်းရနံမွှေးထုံပြီး အလွန်နူးညံ့ပါတယ်။

juliet-rose.jpg.838x0 q80

Juliet Rose ($3 million or $15.8 million approx)

ဒါကတော့ ဂျူးလီယက် နှင်းဆီတဲ့။ ဒေါ်လာ ၃ သန်းကနေ ဒေါ်လာ ၁၅.၈သန်းနီးနီးပေးမှ ရပါမယ်။ ၂ဝဝ၆ခုနှစ် ချယ်လ်ဆီးပန်းပြပွဲမှာ ပွဲဦးထွက် ဒေါ်လာသန်းနဲ့ချီ ရောင်းစွံခဲ့သတဲ့။ အရောင်အသွေးရဲ့ လှပတင့်တယ် စိုပြည်မှု ၊ အမွှေးနံ့သာရဲ့ သူမတူ ထူးခြားမှုတို့ကြောင့် နာမည်ကျော်ကြား လူကြိုက် များခဲ့ကြတယ်။ ဒေးဗစ်အော်စတင်ဟာ ဂျူးလီယက်နှင်းဆီနဲ့တူတဲ့ ပန်းကိုထုတ်လုပ်ဖို့ ၁၅ နှစ် ကြိုးပမ်းခဲ့ရပါသတဲ့။

maxresdefault

Kadupul Flower (Priceless)

တန်ဖိုးဖြတ်မရတဲ့ ကုမုဒြာရှားပါးပစ္စည်းမို့ တန်ဖိုးဖြတ်မရနိုင်ပါဘူး ။ အနံ့လေးကလည်း မွှေးမှမွှေး။ ဒါပေမဲ့ သူက ခူးယူထားလို့လည်းမရဘူး။ ဘုရားတင်မယ် ပန်းအိုးအလှထိုးမယ်။ လက်ဆောင်ပေးမယ်ဆိုလည်း မရနိုင်ပါဘူးတဲ့။ ဘာဖြစ်လို့လည်းဆိုရင် သူက အာရုံတက်လို့  လင်းတာနဲ့ ညှိုးကျသွားပြီလေ။ ပွင့်ပြန်တော့လည်း ညကြီးသန်းခေါင် ။ ကဲ .... ခက်ဘူးလား။

ခင်မေသစ်

Go to top