ancient

ရှေးဟောင်းအီဂျစ်လူမျိုးတို့ရဲ့ ဗိသုကာ လက်ရာတွေဟာ ကမ္ဘာ့အံ့ဖွယ် အဆောက်အဦတွေဖြစ်ပါတယ်။ ဥပမာ ဂီဇာအရပ်မှာ ဆောက်လုပ်ထားတဲ့ ဧရာမ ပိရမစ်ကြီးတွေပေါ့။ ပြီးတော့ သီးဘီးစ်အရပ်က တဲမ်ပဲလ်ဘုရားကျောင်းဗိမာန်ကြီးတွေ အများအပြား ရှိပါတယ်။ ဖာရိုဘုရင်တွေဟာ သူတို့ရဲ့

ဘုန်းတန်ခိုး အာနုဘော်ကို တိုးမြှင့်တဲ့အနေနဲ့ ပီရမစ်ကြီးတွေကို ဆောက်လုပ်ကြတာ မှန်ပေမဲ့ ဘာသာရေး ယုံကြည်မှုလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေတာပါ။ သူတို့ သေလွန်ခဲ့ရင် ထာဝရအိမ်တော်မှာ ငြိမ်သက်အေးဆေးစွာ နားခိုအိပ်စက်နိုင်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။ ပိရမစ်ဟာ ဖာရိုဘုရင်တို့ရဲ့ မဟာထာဝရ အိမ်တော် ဖြစ်ပါတယ်။

ပိရမစ်ကြီးတွေကို တည်ဆောက်ရာမှာ လွန်စွာတိကျမှန်ကန်ဖို့လိုပါတယ်။ ကျောက်ကျင်းတွေက ကျောက်ပြားတွေကို ဖြတ်တောက်ပြီး လူအင်အားများစွာသုံးကာ ဆွဲယူတပ်ဆင်ကြရ တယ်။အဆက်အစပ်မှန်ကန်စေဖို့ သင်္ချာနည်းနဲ့ တွက်ချက် တိုင်းထွာရတယ်။ ဂျီသြမေတြီနည်းပညာတွေလည်း ပေါင်းစုနေတာပါ။ ပိရမစ်အကြီးအသေးလိုက်ပြီး တည်ဆောက်ကြရတာမို့ အနည်းဆုံး ၁၅နှစ်၊ နှစ် ၂ဝ ကြတတ်ပါတယ်။ ဘုရင်တို့ရဲ့ နန်းသက်ဟာလည်း တချို့တိုတောင်းတတ်တာမို့ ဘုရင်ဖြစ်တာနဲ့ တစ်ခါတည်း ထာဝရအိမ်တော်ကိုတည်ဆောက်ကြတာပါပဲ။ ဗိသုကာလက်ရာတွေနဲ့ထုံမွှမ်းထားတဲ့ ကမ္ဘာ့အံ့ချီး ဖွယ် အီဂျစ်အဆောက်အဦတွေဟာ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေအတွက် ယနေ့အထိ လေ့လာတူးဖော်လို့မကုန်သေးတဲ့ ရှေးဟောင်းအီဂျစ်အမွေအနှစ် ပစ္စည်းတွေပါပဲ။ ပိရမစ်သာမက စဖင့် ခေါ် လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်း အရုပ်ကြီးတွေ၊ နတ်ကွန်း ကြီးတွေ၊ စစ်သားကျောက်ရုပ်ကြီးတွေ၊ လေးမြှောင့် ကျောက်စာတိုင်ကြီးတွေ၊ အထိမ်းအမှတ်ဂူသင်္ချိုင်းတွေ၊ အမှတ်တရဗိမာန်ကြီတွေအများအပြားရှိနေတာပါ။ နန်းတော်ကိုလည်း လက်ရွေးစင်ဗိသုကာအကျော် အမော်တွေနဲ့ စီစဉ်ဆောက်လုပ်ထားတယ်။ အိမ်နံရံနဲ့ ကြမ်းပြင်တွေမှာ လူ၊ ငှက်၊ ရေကန် နတ်သား နတ်သမီး တွေရဲ့ ပုံတွေနဲ့ အလှဆင်ရေးဆွဲထားပါသေးတယ်။ အင်္ဂတေချပ်အစားအလွန်တရာ ခိုင်ခံ့မာကျောတဲ့ ကျောက်ရုပ်ကြီးတွေကို ဖြတ်တောက်ပြီး ဆက်စပ်ထားတာပါ။ ဂျိုဆာမော်ကျူရီ (Djoser's Mortuary) အပါအဝင်ဗိသုကာပညာအဆောက်အဦအားလုံးဟာ ကမ္ဘာပေါ်မှာ ထုထည်အကြီးဆုံးနဲ့ အကြီးဆုံး ကျောက်ချပ်လွှာတွေကို မနုသီဟရုပ်ခံအလောင်းစင်မှာ ထားရှိ တယ်လို့ဆိုတယ်။

Abu-Simbel-Egypt

အစောပိုင်းကာလတွေမှာ ဗိသုကာလက်ရာ ပြောင်မြောက်လွန်းတယ်လို့ ကမ္ဘာမှာအသိအမှတ်ပြုခံရတယ်။ ပေါ်ပြူလာအဖြစ်ဆုံးက မာစတာဘာ သင်္ချိုင်းဂူတွေဖြစ်တယ်။ အဲဒီသင်္ချိုင်းဂူဟာ ထောင့်မှန်စတုဂံပုံရှိပြီး ရွှံ့၊ အုတ်၊ ကျောက်တို့နဲ့ ဆောက်လုပ်ကာ အမိုးပြားအဆောက်အဦအောက်က မြေတွင်းထဲမှာ ရုပ်အလောင်းမြှုပ်နှံရညာ ခန်းမကြီး တစ်ခုရှိတယ်။ မြေပေါ်မှာတော့ ဝတ်ပြုဆုတောင်းရာ ကျောင်းဆောင်ထားရှိတယ်လို့ ဆိုပါတယ်။ ရှေး ဟောင်းအီဂျစ် ဗိမာန်တော်တွေမှာတော့ လေးဖက် လေးတန်ပိတ်ဆို့ထားတဲ့ခန်းမကြီးနဲ့ အမိုးပြားအချပ်ရှိ တယ်။ထူထဲတဲ့တိုင်လုံးကြီတွေက အောက်ကပင့်မ ပြီးထောက်ခံထားတဲ့
စိတ်ကူးယဉ် ဟိုင်ပိုစတိုင်အဆောက်အဦကြီးတွေပေါ့။

ဘုရင်များက ခမ်းနားထည်ဝါတဲ့ ရွှေနန်းတော်ကြိး ပေါ်မှာ ပျော်မွေ့နေထိုင်ကြစဉ် သာမန်လက်လုပ်လက်စားတွေက ရွံ့နဲ့လုပ်တဲ့ အိမ်လေးတွေထဲမှာပဲ ပျော်မွေ့နေထိုင်ကြတယ်။ ပိရမစ်သင်္ချိုင်းဂူတွေကို ခေတ်ဟောင်းဖာရိနိုင်ငံတော်နဲ့ အလယ်ခေတ်ဖာရို နိုင်ငံတော်တို့မှာ ဆောက်လုပ်ခဲ့ကြပြီးနောက်ပိုင်း အီဂျစ်ကိုအုပ်ချုပ်တဲ့သူတွေက ပိရမစ်ဆောက်လုပ် ရေးကို လျစ်လျူရှုပစ်ပစ်ပယ်ခဲ့ကြတယ်။ ထုထည်ကြီးမားတဲ့ သင်္ချိုင်းဂူဆောက်လုပ်ခြင်းတွေကိုလည်း ဖြတ်တောက်လိုက်ကြတယ်။

QV44-Ramses-before-son-Egypt

နှစ်ပေါင်း ၃၅ဝဝကျော်လာချိန်မှာတော့ အီဂျစ်ရှေးဟောင်းလူမျိုး ပန်းချီပန်းပုအနုပညာရှင်တွေဟာ ရုပ်တုပုံရေးဆွဲခြင်းဘက်ကို ပိုမိုအားသန် ပြောင်းလဲလာတယ်။ ရှေးဟောင်းဘုရင်ခေတ်မှာဖြစ် ပါတယ်။ သူတို့ဟာရိုးရိုးမျဉ်းကြောင်းတွေ၊ အရိပ်တွေ ပြီးတော့ မျက်နှာပြင်ပြားပေါ်မှာ အရည်အသွေးကောင်း မွန်တဲ့ဆေးရောင်တွေကို ပေါင်းစပ်ကာ ပုံသဏ္ဌာန်တွေကိုဖန်တီးရေးဆွဲလာကြတယ်။ အကြောင်းအရာ တစ်ခုရေးသီဖွဲ့ဆိုခြင်းနဲ့ညီမျှတဲ့ ပုံရိပ်ကိုဖော်ကျူးနိုင် ဖို့ပါ။ ဂူသင်္ချိုင်းပေါ်မှာ ဗိမာန်တွေရဲ့နံရံမှာ၊ အခေါင်း တွေမှာ၊ ကျောက်စာတိုင်ကြီးတွေမှာ၊ ဧရာမကျောက် သားရုပ်တုကြီးတွေမှာ ရုပ်ပုံတွေနဲ့အတူ စာပန်းချီ ခြယ်မှုန်းဖန်တီးကြတယ်။ အရုပ်သင်္ကေတတွေနဲ့စာရေးသားခြင်းမျိုးကို ဆိုလိုတာဖြစ်တယ်။ အီဂျစ်ရှေးဟောင်း လက်မှုပညာသည်တွေကတော့ ကျောက်သားတွေနဲ့ ဧရာမရုပ်တုကြီးတွေ ထုဆစ်ကြ တယ်။ တချို့ဈေးပေါတဲ့ သစ်သားတွေနဲ့ အစားထိုးထုဆစ်ကြတာလည်း ရှိတယ်။ ဆေးရောင်ကို မိုင်းတွင်း တွေမှာတွေ့ရတတ်တဲ့ သံ၊ သတ္တုရိုင်း အနီနဲ့ အဝါ ရောင်မြေဆေး၊ ကြေးနီ သတ္တုရိုင်းကရတဲံ အပြာနဲ့ အစိမ်းမြေဆေး၊ ကျပ်ခိုးနဲ့ ကျောက်မီးသွေးကရတဲ့ အနက်ရောင်ဆေး၊ ထုံးကျောက်ကရတဲ့ အဖြူ စတာ တွေကို အာရေဗျကော်တစ်မျိုးနဲ့ ပေါင်းစပ်ပြီး အခဲပြု လုပ်ထားတယ်။လိုအပ်ချိန်မှာ စိုထိုင်းအောင်ပြုလုပ်ပြီး ရေးဆွဲတာဖြစ်တယ်။ ဆေးရောင်ခြယ်တာပါ။

2311959645 0a0a29601d b

ဖာရိုဘုရင်တွေဟာသူတို့ရဲ့ တော်ဝင်အမိန့် ဒီဂ၇ီတွေ စစ်ပြုရာမှာရရှိလာတဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ၊ အောင်ပွဲခံသတင်းတွေ၊ ဘာသာရေးဆောင် ရွက်ချက် စတာတွေကို မှတ်တမ်းပြုပြီး ရေးထိုးစေကြတယ်။ သာမန်လူတွေကတော့ ဈာပနအနုပညာ တစ်စိတ်တစ်ပိုင်း ခြယ်မှုန်းခွင့် ရရှိပြီး သေသူစာရင်းစာအုပ်မှာ ရေးထိုးခံကြရတယ်။ သေပြီးနောက်မှာ သူတို့ကို နတ်များက မစတယ်၊ အကာအကွယ်ပေးတယ်လို့ သူတို့ယုံကြည်ကြတယ်။ အလယ်ခေတ်မှာဆိုရင် သူတို့ရဲ့နေ့စဉ်လူနေမှုဘဝတွေကို ရွှံ့စေးတွေနဲ့ သစ် သားပေါ်မှာ ထွင်းထုပုံဖော်ထားကြတယ်။ အဲဒါကို နောက်ပိုင်း ဂူတွေပေါ်မှာ ရေးဆွဲထွင်းထုခြယ်မှုန်း လာကြပတယ်။ အလုပ်ရုံတွေမှာ၊ အိမ်တွေမှာ၊ လှေတွေမှာ နီးစပ်ရာ လိုက်လံရေးဆွဲကြတယ်။ ဒီလိုပုံတူတွေ ရေးဆွဲလာကြပေမဲ့ အချိန် နာရီနဲ့အမျှ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးသဘောထားတွေက ပြောင်းလဲမှုတွေ ရှိနေတာပါ။ ဒုတိယခေတ်ကြား ကာလတစ်ခုမှာ ဟိုင်ဆိုကျူးကျော်သူတွေဝင် ရောက်လာပြီးနောက်ပိုင်း မီနိုယန်း စဆိုင် 'အင်္ဂတေပန်းချီ'ဆိုတာ ထွန်းသစ်ပေါ်ပေါက်လာတော့တယ်။

Floris

Go to top