KNP 2772

အိမ်ဆိုတာ လူသားတိုင်းအတွက် မရှိမဖြစ် နေရာလေးတစ်ခုပါ။ မိသားစုတွေရဲ့ ဘဝအစလို့လည်း ပြောရမှာပါ။ မိသားစုတွေရဲ့ ပျော်ရွှင်မှုတွေရှိတဲ့ နေရာ၊ မေတ္တာတွေ လွှမ်းခြုံထားတဲ့နေရာကတော့ အိမ်ပါပဲ။အဲဒီလိုအဓိပ္ပာယ်ပေါင်းများစွာရှိနေတဲ့ နေရာလေး တစ်ခုကို ဖန်တီးပြီး နေထိုင်နေသူ အဆိုတော်ပိုပိုပြောပြတာက ...

 

'အခုလက်ရှိနေနေတဲ့ အိမ်လေးကို ပိုပိုလိုချင်တဲ့ပုံစံပြောတာပေါ့နော်။ အစ်မကပဲ ပိုပိုလိုချင်တာ တွေကိုအားလုံးဦးဆောင်ပြီး လုပ်ပေးသွားတာပေါ့။ဆေးအဖြူရောင်သုတ်မယ်။ ပန်းခင်းလေးတွေကို ဘယ်လိုမျိုးထားမယ်ဆိုပြီး ပြောတာလောက်ပဲ ရှိပါတယ်။ ပိုပိုရဲ့ အခန်းပြင်ဆင်မှုကိုလည်း ပိုပို့စိတ်ကြိုက်လုပ်ထားတာပါ။ ဓာတ်ပုံတွေထားဖို့ နေရာသတ်မှတ်တာလည်း ပိုပိုပါပဲ။ Accessories လေးဝယ်ပြီး စုရတာကို ဝါသနာပါတော့ Accessories ပစ္စည်းလေးတွေ အများကြီးရှိပါတယ်။ ပိုပို့ရဲ့စိတ်ကူးထဲကအိမ်ပုံစံနဲ့ အခုလက်ရှိ နေနေတဲ့ အိမ်ပုံစံနဲ့ အရမ်းကြီး ထပ်တူကျတာတော့ မဟုတ်သေးပါဘူး။ ဒါပေမဲ့ဒီအိမ်လေးကို ကြိုက်ပါတယ်။ အတတ်နိုင်ဆုံး ပြင်ဆင်ထားတယ်။ လူအများကြီးလည်း မနေတော့ အိမ်သေးသေးလေးနဲ့နေရတာ အရမ်းသဘောကျတယ်။ ချစ်လည်း ချစ်တယ်'လို့ ပြောခဲ့ပါတယ်။

KNP 2726

သူမရဲ့ စိတ်ကူးထဲက အိမ်ကိုတည်ဆောက်ခွင့်ရမယ်ဆိုရင် ဘယ်လိုအိမ်မျိုးလေးတည်ဆောက်ချင်လဲဆိုတော့ ...

'စင်ဒရဲလားကားထဲကလိုမျိုး ရဲတိုက်ပုံစံလေးဆောက်ချင်တယ်။ ပြတင်းပေါက်အကြီးကြီးတွေ ထားချင်တယ်။ သုံးထပ်လောက်ဆောက်ပြီးတော့ အပေါ်ဆုံးထပ်မှာ အပင်တွေစိုက်မယ်။

ချစ်ဖို့ကောင်းအောင်ပြင်ဆင်မယ်'ဆိုပြီး ပြောခဲ့သူ ပိုပိုရဲ့ အိမ်နဲ့ပတ် သက်ပြီးအဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ....

'အိမ်ဆိုတဲ့ သဘောတရားက လုံခြုံရာ၊ နွေးထွေးရာတွေရှိတဲ့ နေရာလေးတစ်ခုပါ။ စားစရာမရှိရင်တောင် အိမ်ရှိရင် ပြည့်စုံတယ်ပေါ့နော်။ ပိုပို ငယ်ငယ်လေးကတည်းက အိမ်တစ်လုံးလောက် အရမ်းပိုင်ဆိုင်ချင်ခဲ့တယ်။ အဲဒါကြောင့် ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်နိုင်အောင် ကြိုးစားခဲ့တယ်။ ကိုယ်ပိုင်အိမ်လေးတစ်လုံး ပိုင်ဆိုင်ခွင့်ရတဲ့အတွက် အရမ်းပျော်တယ်။ ပိုပိုငယ်ငယ်လေးကတည်းက ချစ်ဖို့ကောင်းတဲ့အိမ်လေးတစ်လုံး လိုချင်ခဲ့တယ်။ အခုလည်း အိမ်သေးသေးလေးကို အလှဆင်ထားတာ ရှုပ်ယှက်ခတ်နေတယ်'လို့ ပြောခဲ့ပါတယ်။

KNP 2757

အိမ်နဲ့ပတ်သက်ပြီး သူမကြိုက်နှစ်သက်တဲ့ အလှပြင်ဆင်မှုတွေကတော့ ..

'ပန်းတွေနဲ့ ကာလာများများပါတာတွေကို ထည့်ရတာ ကြိုက်တယ်။ အဲဒါကြောင့် အိမ်ကို အဖြူရောင်ဆေးပဲ သုတ်ထားတာပါ။ အဖြူရောင်မှာ တခြားကာလာလေးတွေ လိုက်စပ်ရင် အရမ်းလှတာလေ'လို့ပြောပြခဲ့ပါတယ်။ တိုးတက်လာတဲ့ခေတ်နဲ့အညီ ကားဆိုတာကလည်း မရှိမဖြစ် အရာတစ်ခုပါပဲ။ ကားနဲ့ပတ်သက်ပြီးပိုပိုကြိုက်နှစ်သက်တဲ့ ကားအမျိုးအစား ဘယ်လိုမျိုးလဲဆိုတော့ ...

KNP 2790

'ဘယ်ကားပဲ စီးရ စီးရ ကြေးများတာ မရှိပါဘူး။ ကားကြီးဆိုရင်တော့ ဝန်တော့ကြီးတာပေါ့နော်။ ခရီးသွားရင်တော့ ကားအကြီးက ပစ္စည်းများများ ဆန့်တာပေါ့နော်။ ကားအတွင်းပိုင်းပြင်ဆင်ရတာကို မကြိုက်ပါဘူး။ အခုလက်ရှိ ပိုပိုစီးနေတဲ့ကားကို ဝယ်လာကတည်းက ဆိုဖာတွေလဲပြီး ဒီအတိုင်းပဲ ထားထားတာပါ။ ကားပုံစံက ယောက်ျားဆန်တယ်။ ယောက်ျားလေးစီးတဲ့ ကားပုံစံမျိုးဖြစ်နေတာပေါ့နော်။ အရုပ်တွေထည့်တယ်ဆိုတာက ကားသေးသေးလေးဆို ချစ်ဖို့ကောင်းပါတယ်။ သူများတွေ အဲလိုပုံစံလေးတွေလုပ်ထားရင် ချစ်တယ်။ ပိုပိုကားကိုတော့ ပြင်ဆင်ဖို့ လုံးဝစိတ်ကူးမရှိပါဘူး။ ကားကိုရှင်းရှင်းလေးထားရတာပဲသဘောကျပါတယ်။ ကားကိုကြည့်ရင် ကြံ့ကြံ့ခိုင်တယ်ပေါ့။ အားကိုးရတယ်ပေါ့ဆိုတဲ့ ပုံစံမျိုးမြင်ရတာကိုသဘောကျတယ်။ အရောင်နဲ့ပတ်သက်ရင်တော့အဖြူရောင်နဲ့ အနက်ရောင်ကို ကြိုက်ပါတယ်။မြင်းတွေ ထဲမှာ အနက်ရောင်မြင်းဆိုရင် ကျစ်ကျစ်လစ်လစ်နဲ့ အရမ်းမိုက်တယ်ဆိုပြီး မြင်ကြတယ်လေ။အဲဒီ သဘောမျိုးပါပ။ဲ ပိုပိုက ကားဝယ်ရင် အနက်ရောင် ပဲ ရွေးဝယ်ဖြစ်တယ်။

KNP 2740


ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့အတူ အန္တရာယ်ကင်းစွာ မောင်းနှင်ဖို့အတွက် ပိုပိုရဲ့ သတိထားမှုတွေကတော့ ...

'ပိုပိုက ကားမောင်းရင် ၆ ပေအကွာက မောင်းပါတယ်။ ဖြည်းဖြည်းပဲမောင်းတယ်။ အန္တရာယ်ကင်းဖို့အတွက် အဓိကကတော့ ဖြည်းဖြည်းမောင်းရမယ်။ကျော်မတက်ရဘူးဆိုပြီး သတိထားပါတယ်'လို့ပြောပြပါတယ်။

ကားက ပိုပိုအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကတော့ ...

4fb

'လူတစ်ယောက်မှာ အိမ်နဲ့ကားကတော့ ရှိသင့်ပါတယ်။ ပိုပိုက အနုပညာရှင်ဖြစ်တဲ့အတွက် ကားကအရမ်းအရေးပါပါတယ်။ ပိုပို အလိုချင်ဆုံး ကားကတော့ ပြိုင်ကားအမိုးပွင့်ပုံစံ အဖြူရောင်လေးပါ။ မြန်မာနိုင်ငံမှာ ကားစီးဖို့ အဆင်မပြေလောက်ဘူးပေါ့နော်။အမိုးဖွင့်ရင်လည်း နေတွေပူတယ်။ လမ်း တွေနဲ့လည်းအဆင်မပြေလောက်ဘူးထင်ပါတယ်။ အဘက်ဘက်က တွေးကြည့်လိုက်ရင် အဆင်မပြေဘူးဆိုပြီး ဝယ်ချင်စိတ်ကို ထိန်းထားရပါတယ်'လို့ ပြောပြခဲ့ပါတယ်။

Model: Po Po
Make-Up: Jet Jet (Judson)
Photo- Ko Naing (Popular)
Arranged by Thida Soe

Go to top