Beautiful-Design-Wallpaper-for-Kid-Room-Baby-Bedroom-Wallpaper-C10503-

နံရံကပ်စက္ကူ (wallpaper) လေးတွေဟာ အိမ်ခန်း၊ ရုံး၊ ကော်ဖီဆိုင်၊ အစိုးရအဆောက်အဦ၊ ပြတိုက်၊ စာတိုက်နဲ့ တခြားအဆောက်အဦတွေရဲ့အတွင်းနံရံမှာ အလှဆင်ကပ်ထားကြတဲ့ ပစ္စည်းမျိုးပါ။ နံရံကပ်ကော်ပါတဲ့စက္ကူသားဖြစ်ပြီး ရောင်းချတဲ့အခါ

အလိပ် လိုက်ရောင်းချကြတယ်။ နံရံကပ်စက္ကူတွေမှာ ဗြောင်နဲ့ လည်းရောင်းချကြတယ်။ ဗြောင်သားဆိုတော့ ကိုယ်နှစ်သက်တဲ့အရောင် မွမ်းမံသုတ်နိုင်တယ်။ မညီညာ လှတဲ့ မျက်နှာပြင်နဲ့ အပြစ်အနာအဆာလေးတွေရှိနေတဲ့နံရံမျက်နှာပြင်တွေ ဖုံးကွယ်ချင်ရင် အသုံးပြုနိုင် ကြပါတယ်။ Anaglypta လို texture နံရံကပ်စက္ကူနဲ့ Lincrusta တို့လို ဖောင်းကြွထူထူပါတဲ့ အသားတွေမှာ ပုံစံဆင်တူ အကွက်အပြောက်ထပ်ကာထပ်ကာ သုံးထားတဲ့ pattern ဒီဇိုင်းမျိုးနဲ့ ထပ်ကာထပ်ကာ သုံးမထားဘဲ ဒီဇိုင်းကြီးကြီးတစ်ခုဖြစ်တဲ့ နံရံအပြည့်သုံးတဲ့ နံရံကပ်အသားတွေရှိကြတယ်။ နံရံကပ်စက္ကူတွေကို အလိပ်ရှည်ရှည် အနေအထားနဲ့ပြုလုပ်ပြီး နံရံမှာ ထောင်လိုက်ကပ်ကြတယ်။

Pattern နံရံကပ်စက္ကူဒီဇိုင်းက အကွက်အပြောက်တွေဟာ ဆက်တိုက်ထပ်သုံးဖို့ပုံစံဖော်ထားတာဆိုတော့ အလိပ်တစ်ခုထဲကပဲ ဖြတ်လိုက်တဲ့ နေရာမှာ နောက်ထပ်ဖြတ်ထားတဲ့အစကို ဆက်ပြီးကပ်လိုက်လည်း အဆက်နေရာကို လွယ်လွယ်ကူကူ မမြင်နိုင်တော့ပါဘူး။ အပိုင်းအဖြတ်များမယ့် နံရံကျဉ်း ကျဉ်းတွေအတွက် စအေအနမည ဒီဇိုင်းလေးတွေက သင့်တော်လှပါတယ်။ ခပ်ရှုပ်ရှုပ်အဆင်ကြီးကြီးဒီဇိုင်းမျိုးဆိုရင်တော့ အပိုင်းအဖြတ်ဆက်ရမယ့် နေရာတွေ အတွက် သတိထားရတော့မှာပါ။

နံရံကပ်စက္ကူတွေရဲ့ သမိုင်း

ရှေးရှေးက ပြုလုပ်ကြတဲ့နည်းလမ်းတွေမှာတော့ လက်နဲ့ဆေးခြယ်တဲ့နည်း (hand-painting)၊ သစ်ထွင်းပုံစံတုံးနဲ့ ဆေးရိုက်တဲ့နည်း (woodblock printing) နဲ့ ပန်းဖောက်ပြားနဲ့ ဆေးရိုက်တဲ့နည်း (stenciling) တွေနဲ့ တခြားစက်နဲ့ ပုံနှိပ်တဲ့နည်းစတဲ့ နည်းတွေအမျိုးမျိုးရှိကြတယ်။ ပထမနည်း သုံးနည်းကတော့ ၁၇ ရာစု မတိုင်ခင်ကတည်းကစပြီး အသုံးပြုလာခဲ့ကြပါတယ်။ သစ်ထွင်းပုံစံတုံးတွေနဲ့ ပုံနှိပ်တဲ့ နည်းအသုံးပြုတဲ့ နံရံကပ်စက္ကူတွေဟာ Renaissance ခေတ်ဥရောပတစ်လွှား အထက်တန်းလွှာတွေကြား ကျော်ကြားအသုံးများခဲ့ကြတယ်။ အလယ်ခေတ်မှာ လူချမ်းသာတွေက ကြီးမားလှတဲ့ ရောင်စုံချည် ရက်ဖောက်ထားတဲ့ အခင်းအကာတွေ သူတို့ရဲ့ နံရံတွေမှာ ခန်းလုံးပြည့် အလှဆင်လာကြတာပါ။ အဲဒီ ချည်သားရောင်စုံပန်းချီကားကြီးတွေက ကျောက်သား နံရံနဲ့ အခန်းကြား အလွှာမှာ အကာအကွယ်ပေးထားပြီး အသွေးအရောင်တွေနဲ့ အခန်းကို လင်းလက်တောက်ပ သွားစေသလို အခန်းရဲ့အပူချိန်ကို ထိန်းပေးထားတာကြောင့် အသုံးများကြတယ်။ ဒါပေမဲ့ အဲဒီဂန္တဝင်ရောင်စုံ ချည်သား ပန်းချီကားတွေဟာ အင်မတန်တန်ဖိုးကြီး မြင့်လှတာကြောင့်ြ<ွကယ်ဝ ချမ်းသာလွန်းတဲ့ အလွှာကပဲ တတ်နိုင်ကြတာပါ။

fg
သာမန်လူတန်းစားတွေအတွက်ကတော့ ဈေးတန်ဖိုးရယ်၊ စစ်ပွဲတွေကြောင့် နိုင်ငံတကာကုန်သွယ် ခွင့်အကျပ်အတည်းတွေရယ်ကြောင့် ရောင်စုံချည်သား အကာအရံတွေမဝယ်ယူနိုင်ကြဘဲ နံရံကပ် စက္ကူတွေသာ နံရံတွေမှာနေရာယူစေခဲ့ပြီး သူတို့ရဲ့ အခန်းတွေ တောက်ပစေခဲ့ပါတယ်။ တချို့ထင်ရှားတဲ့ပန်းချီဆရာတွေလည်း နံရံကပ်ပန်းချီပုံနှိပ်ဖို့အတွက် ရေးဆွဲခဲ့ကြတယ်။ နံရံကပ်ပုံနှိပ်ပန်းချီအတွက် ရေးဆွဲပေးတဲ့ ပန်းချီဆရာတွေထဲမှာ ထင်ရှားခဲ့တာက ဂျာမန်ပန်းချီဆရာ Albrecht Dürer ပါ။ ရောမဧကရာဇ် Maximilian ရေးဆွဲခိုင်းခဲ့တဲ့ The Triumphal Arch နံရံကပ်ပုံနှိပ် ပန်းချီကားကို ၁၅၁၅ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အချပ်ပေါင်း ၁၉၂ ချပ်နဲ့ ပြုလုပ်ရတဲ့ ကြီးမားလှတဲ့ပန်းချီကားကြီးပါ။ ကော်ပီ ၇ဝဝ ပထမ ဆုံးပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ နန်းတော်တွေ၊ မြို့တော် ခန်းမတွေရဲ့ ကြီးမားလှတဲ့နံရံတွေမှာ အသုံးပြုခဲ့ကြတဲ့ အဦးဆုံး နံရံကပ်ပုံနှိပ်ပန်းချီကားတွေပါပဲ။

အင်္ဂလိပ်နဲ့ ပြင်သစ်ဟာ ဥရောပနံရံကပ် ထုတ်လုပ်တဲ့ဈေးကွက်မှာ ဦးဆောင်နိုင်ခဲ့ကြတဲ့သူတွေပါ။ ၁၇၁၂ ခုနှစ် ဘုရင်မ Anne ခေတ်အတွင်း နံရံကပ် စက္ကူအခွန်အခကောက်ခံလာခဲ့တယ်။ အဲဒီအခွန်ဟာ ၁၈၃၆ ခုနှစ်အထိ ဖျက်သိမ်းခြင်းမရှိခဲ့ပါဘူး။ ၁၈ရာစု အလယ်ပိုင်းလောက်မှာ ဗြိတိန်ဟာ ဥရောပ၊ နံရံကပ် စက္ကူ ထုတ်လုပ်မှုမှာ ဦးဆောင်လာခဲ့ပါတယ်။ ဥရောပဈေးကွက်ထဲမှာ ပမာဏများများနေရာယူထားတာပါ။ ဒါပေမဲ့ Seven Years စစ်ပွဲနဲ့ Napolenic Wars နောက်ပိုင်း ၁၇၅၅ မှာ အရှိန်နှောင့်နှေးလာခဲ့တယ်။ ပြင်သစ်ကိုတင်ပို့ရတာ အခွန်အခတွေ အင်မတန်များလာခဲ့ပါတယ်။

၁၇၈၅ ခုနှစ်မှာ နံရံကပ်စက္ကူသားတွေမှာ ဆေး ရောင်ပုံနှိပ်နိုင်မယ့် ပထမဆုံးစက်ကို ပြင်သစ်နိုင်ငံသား ဂျာမန်စက်မှုလုပ်ငန်းရှင် Cristophe-Philippe Oberkampf က တီထွင်ခဲ့တယ်။ ၁၇၉၉ ခုနှစ်မှာ ပြင်သစ်လူမျိုး miniaturist , စက်မှုအင်ဂျင်နီယာ Louis-Nicolas Robert က အလျားဆက်တိုက် စက္ကူပုံနှိပ် ထုတ်လုပ်နိုင်တဲ့စက်ကို မူပိုင်ခွင့်တင်ခဲ့ပါတယ်။ ၁၈ ရာစုနံရံကပ်စက္ကူထုတ်လုပ်ခဲ့ကြတဲ့ ထုတ်လုပ်သူတွေထဲမှာ အင်္ဂလန်မှာ John Baptist Jackson နဲ့ John Sherringham ၊ အမေရိကမှာတော့ J. F. Bumstead & Co. (Boston)? William Poyntell (Philadelphia)eJY John Rugar (New York) တို့က အောင်မြင်ခဲ့ကြတယ်။ ၁၇ ရာစုနောက်ပိုင်း အဆင့်မြင့်နံရံကပ်စက္ကူတွေကို တရုတ်နိုင်ငံကထုတ်လုပ်လာနိုင်ခဲ့ပြီး လက်နဲ့ ဆေးခြယ်တာရယ် တန်ဖိုးလည်းကြီးမြင့်လှပါတယ်။ အဲဒီ နံရံကပ်စက္ကူလက်ရာတွေကို ဂျာမနီတောင်ပိုင်းက Nymphenburg Palace ၊ ပိုလန်က Łazienki Palace ၊ အင်္ဂလန်က Chatsworth House နဲ့ Temple Newsam ၊ မြောက်ပိုင်းအိုင်ယာလန်က Lissan House၊ အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်က Erddig ခန်းမအပါအဝင် နန်းတော်တွေနဲ့ ခမ်းနားကြီး ကျယ်လှတဲ့ အဆောက်အဦတွေမှာ အခုထက်ထိ တွေ့ရှိနိုင်ကြတယ်။ ၁.၂ မီတာကျယ်ဝန်းတဲ့ နံရံကပ် စက္ကူပန်းချီကားတွေပါ။

နံရံကပ်စက္ကူသမိုင်းမှာ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဂျာမန်ထုတ်လုပ်သူတွေက အစပျိုး တီထွင်ခဲ့ကြပြီး လက်နဲ့စတင်ရေးခြယ်ခဲ့ကြတာပါ။ နောက်ပိုင်းမှာ တရုတ်ဖြစ်စက္ကူတွေကို တစ်ခါတစ်ရံ အသုံးပြုခဲ့ကြတယ်။ ၁၈ ရာစုနောက်ပိုင်းမှာ အင်္ဂလန်မှာရော ပြင်သစ်မှာပါ မြင်ကွင်းကျယ်နံရံကပ်စက္ကူတွေ ဖက်ရှင်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။ ပြင်သစ်ထုတ်လုပ်သူ Joseph Dufour et Cie အတွက် ပန်းချီဆရာ Jean-Gabriel Charvet က ပုံဖော်ရေးဆွဲခဲ့တဲ့ Captain Cook ရဲ့ ရေကြောင်းခရီးရှည် နံရံကပ်စက္ကူ ပန်းချီကား Savages of the Pacific ဟာ အဲဒီခေတ်က ကျော်ကြားလှတဲ့ အကြီးဆုံးမြင်ကွင်းကျယ်ကားချပ်ပါ။ Dufour အပြင် ပြင်သစ်နံရံကပ်စက္ကူထုတ်သူတွေဖြစ်တဲ့ Jh Zuber et Cie နဲ့ Arthur et Roberတို့ကလည်း သူတို့ရဲ့လက်ရာတွေကို ဥရောပနဲ့ မြောက်အမေရိကတစ်ဝန်းကို တင်ပို့နိုင်ခဲ့တာပါ။ Zuber et Cie ရဲ့ Views of North America ဆိုရင် အိမ်ဖြူ တော်၊ သံတမန်ဧည့်ခံတွေ့ဆုံတဲ့ အခန်းမှာ ချိတ်ဆွဲထားပါတယ်။ Napoleonic Wars အတွင်း ဥရောပ နဲ့ ဗြိတိန်ကုန်သွယ်မှုပျက်ပြယ်ခဲ့ကြတယ်။

၁၈ဝ၃-၁၈ဝ၅ (Napoleonic Wars) ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေပြီးဆုံးတဲ့ အခါမှာတော့ ဈေးသက်သာပြီး အရောင်စုံတဲ့ နံရံကပ်စက္ကူတွေ ဥရောပက ဗြိတိန်ဆီက ပြန်လည်မှာယူခဲ့ပါတယ်။ ၁၉ ရာစုမှာတော့ နံရံကပ်စက္ကူ ထုတ်လုပ်ကုန်သွယ်မှု အမြင့်ဆုံးဖြစ်လာခဲ့တယ်။ ၁၉ရာစုနောက်ပိုင်းမှာ Lincrusta နဲ့ Anaglypta တို့လို ဖောင်ြး<ွကပါဝင်တဲ့ နံရံကပ်စက္ကူတွေပါတားမြစ်ချက်တွေမရှိဘဲ လွတ်လွတ်လပ်လပ်ကုန် သွယ်လာနိုင်ခဲ့တာပါ။ ၂ဝ ရာစု အစောပိုင်းမှာ အနောက်ကမ္ဘာမှာပါ ပေါ်ပြူလာအဖြစ်ဆုံးနေရာယူ လာခဲ့ပါတယ်။ USA နံရံကပ်စက္ကူ ထုတ်လုပ်သူတွေမှာ Sears ဟာ ဒီဇိုင်နာတွေထဲမှာ artist အန်ဒီဝါဟော အပါအဝင် တခြားနာမည်ကျော် ဒီဇိုင်းပညာရှင်တွေ အသုံးပြုခဲ့တာကြောင့် နာမည်ကျော်လှတယ်။

6a00d83452354569e2014e86a64050970d-800wi

၂၁ ရာစုအစောပိုင်းရောက်လာခဲ့တော့ အလင်းပါတဲ့ နံရံကပ်စက္ကူနည်းပညာပါ တိုးတက်လာခဲ့ပြီး လန်ဒန်အခြေစိုက် Meystyle ကုမ္ပဏီက LED ပါတဲ့ နံရံကပ်စက္ကူအမျိုးအစား တီထွင်လာခဲ့ပါတယ်။ နည်းပညာ အသစ်တစ်ခုဟာ နံရံကပ်စက္ကူရဲ့ ကျော်ကြားမှု အဆင့်တစ်ခုအဖြစ် ပိုပြီးအရှိန်မြင့်လာခဲ့ရတယ်။ သမိုင်းမှာ ကျော်ကြားခဲ့တဲ့ နံရံကပ်စက္ကူ နမူနာတွေကို ဂျာမနီက Deutsches Tapetenmuseum (Kassel) ပြတိုက်၊ ပြင်သစ်က the Musée des Arts Décoratifs (Paris) နဲ့ Musée du Papier Peint (Rixheim )၊ ယူကေက the Victoria & Albert ? the Smithsonian's Cooper-Hewitt, Historic New England, Metropolitan Museum of Art eJY ,ltufpfu U.S. National Park Service, Winterthur တို့မှာ ထိန်းသိမ်းထားရှိပါတယ်။

နံရံကပ်စက္ကူတွေရဲ့ အမျိုးအစားနဲ့ အရွယ်အစား

အမျိုးအစားတွေမှာဆိုရင်တော့ ဆေးခြယ်ထားတဲ့ painted wallpaper, hand-painted blockwood wallpaper, hand-printed stencil wallpaper, machine-printed wallpaper နဲ့ flock wallpaper တွေဖြစ်ကြတယ်။ ခေတ်မီနံရံအဖုံးအကာတွေ အမျိုးမျိုးအထွေထွေရှိနေကြတာပါပဲ။ စက်ရုံတွေက ထုတ်လုပ်တဲ့ အရွယ်အစားတွေထဲမှာ ထုတ်လုပ်မှုအများဆုံး နှစ်မျိုးဖြစ်တဲ့ အမေရိကန် နဲ့ ဥရောပ ပစ္စည်းဆိုပြီး ရည်ညွှန်းကြတယ်။ အမေရိကန်နံရံကပ်စက္ကူအလိပ်တွေက အကျယ်က ၂၇ လက်မရှိကြပြီး ဖြန့်လိုက်တဲ့အရှည်မှာ ၂၇ ပေ (၈.၂မီတာ) ရှိပါတယ်။ ဥရောပနံရံကပ်စက္ကူလိပ်ကတော့ ၂၁.၅ ပေကျယ်ပြီး ၃၃ ပေ(၁ဝမီတာ) ရှည် ကြတယ်။ ပျမ်းမျှ ၆ဝ စတုရန်းပေ(၅.၆ စတုရန်း မီတာ)ရှိကြပါတယ်။ အိမ်သုံးနံရံကပ်စက္ကူနဲ့ အသုံးအများဆုံးကတော့ ကော်သုတ်ပြီးသား၊ နောက်ကျောကို စိုစွတ်အောင်လုပ်ရုံသုံးနိုင်တဲ့ ဗီနိုင်းနံရံကပ်စက္ကူ (Vinyl Wallpaper) တွေပါ။

Vinyl Wallpaper

ဗီနိုင်းနံရံကပ်စက္ကူတွေက တခြားနံရံကပ် အဖုံးအကာတွေထက် ကြာရှည်ခံပြီး သန့်ရှင်းရလွယ် ကူပါတယ်။ မီးစွဲဖို့လည်း နှောင့်နှေး၊ အဟန့်အတား ဖြစ်စေတယ်။ ဗီနိုင်းနံရံကပ်စက္ကူတွေမှာ လေးမျိုးရှိကြ တယ်။ ဗီနိုင်းသားအပြည့်၊ ဗီနိုင်းအုပ်ထားတဲ့အသား၊ စက္ကူသားနောက်ခံဗီနိုင်း၊ ဖိုင်ဘာနောက်ခံ ဗီနိုင်း တွေပါ။ ပိုပြီးပေါ့ပါးတဲ့ ဗီနိုင်းတွေဟာ ကိုင်တွယ်၊ ချိတ်ဆွဲဖို့ ပိုပြီးလွယ်ကူကြတယ်။ စက္ကူသားနောက်ခံ ဗီနိုင်းတွေက ယေဘုယျအားဖြင့် ဈေးကြီးပြီး ချိတ်ဆွဲ ရခက်တာသိပ်သိသာလှတယ်။ မသေမသပ်ဖြစ်နိုင် တာပေါ့။ တစ်မျိုးစီမှာတော့ ကိုယ်သုံးမယ့်နေရာပေါ်မှာ မူတည်ပြီး ကွဲပြားတဲ့ အားသာချက်တွေရှိနေကြပါ တယ်။

Granule-Plain-Solid-Wallpaper-of-Sandstone-Natural-Multicolor-Textured-wall-decorations-Modern-TV-Background-For-Walls

Solid vinyl

ဗီနိုင်းသားအပြည့်နံရံကပ်စက္ကူကတော့ ရေစိုခံတာကြောင့် ရေချိုးခန်းတွေနဲ့ မီးဖိုခန်းတို့လို စွတ်စိုမှုများပြီး စိုးထိုင်းဆမြင့်တဲ့ နေရာတွေမှာ အသုံးများကြ တယ်။ ကုတ်ဖဲ့၊ ဆုတ်ဖြဲမိတာတွေမှာ ခံနိုင်ရည်ရှိပြီး အင်မတန်ကြာရှည်ခံလှပါတယ်။ သန့်ရှင်းရလည်း လွယ်ကူတာပါပဲ။ သွားသွားလာလာအသုံးပြုများကြတဲ့ ကလေးငယ်တွေရဲ့ အိပ်ခန်းတွေနဲ့ ကလေးကစားစရာ အခန်းတွေမှာလည်း အသုံးပြုကြလေ့ရှိတယ်။ ဗီနိုင်း ပြည့်နံရံကပ်စက္ကူကို နောက်ကျောမှာ စက္ကူသားခွ နံရံမှာကပ်ရတဲ့ အသားနဲ့၊ ကော်သုတ်လိမ်းထားတဲ့ နောက်ကျောကို စိုစွတ်စေပြီး ကပ်ရတာနဲ့ နံရံကို မကပ် ခင်ကော်သတ်သတ်သုတ်လိမ်းပြီး ကပ်ရတဲ့ နံရံကပ် စက္ကူ အမျိုးအစားတွေရနိုင်ပါတယ်။

Vinyl Coated

ဗီနိုင်းသားအုပ်ထားတဲ့ နံရံကပ်စက္ကူမျိုးကတော့ အိမ်တွေမှာ အသုံးအများဆုံးအမျိုးအစားပါပဲ။ နံရံ ကပ်စက္ကူကို အဓိက စက္ကူသားနဲ့ပဲပြုလုပ်ထားပြီး အကာအကွယ်အလွှာမှာ ခေမပူငခ ဗီနိုင်းအုပ်ထား တာပါ။ တိုက်ချွတ်ဆေးကြောနိုင်ပြီး သန့်ရှင်းရ လွယ်ကူပါတယ်။ အပူ၊ စိုထိုင်းမှုနဲ့ အဆီတွေ အစွန်း အထင်းခံပါတယ်။ မီးဖိုခန်း၊ မိသားစုဧည့်ခန်း၊ ကလေး တွေရဲ့ အိပ်ခန်းတို့လို အသွားအလာ အများဆုံးနေရာ တွေမှာ သုံးဖို့သင့်တော်လှတယ်လို့ အကြံပြုကြတယ်။ ဖုန်နဲ့ ခဲတံခြစ်ရာတွေကို စက္ကူသားစုတ်ပြဲသွားမှာ မပူပင်ရဘဲနဲ့ တိုက်ချွတ်ဆေးကြောနိုင်ပါသေးတယ်။ ဗီနိုင်းအုပ်တဲ့အသားကို ဗီနိုင်းပြည့်အသားထက်ပိုပြီး ကြိုက်နှစ်သက်ကြတာက ပြန်ခွာရလွယ်တာကြောင့် လည်း အကြောင်းရင်းတစ်ချက်ပါ။

Paper Backed Vinyl

စက္ကူသားနောက်ခံဗီနိုင်းဟာ ဗီနိုင်းသား အပြည့်ကို နောက်ကျောမှာ စက္ကူအလွှာအုပ်ထားတာပါ။ တခြားနံရံကပ်စက္ကူအမျိုးအစားတွေထက် ပိုပြီး ထူထဲ နေပါတယ်။ ကြာရှည်အခံနိုင်ဆုံး အသားလို့လည်း ဆိုကြတယ်။ စိုထိုင်းမှုနဲ့ အစွန်းအထင်းတွေကို ကာကွယ်နိုင်တယ်။ ဆေးကြောနိုင်ပါတယ်။ အိမ်ထဲမှာ နေရာ အတော်များများအသုံးပြုနိုင်ပေမဲ့ ရေချိုးခန်း ကိုတော့ြ>ွခင်းချက်သဘော မသုံးကြပါဘူး။ ဒီစက္ကူ သားနောက်ခံဗီနိုင်းနံရံကပ်စက္ကူကို တပ်ဆင်တဲ့ အခါ မှာ အင်မတန်ဂရုတစိုက်ပြုလုပ်ရတာပါ။ စိုထိုင်းမှုရှိ လွန်းတဲ့ အခန်းတွေမှာဆိုရင်ဆက်ကြောင်း နေရာ တွေမှာ အရာထင်သွားနိုင်သေးတယ်။ သိပ်ပြီး စိုထိုင်းမှုများမယ်၊ ထပ်ကာထပ်ကာစိုစွတ်မယ်၊ ကြာ မြင့် စွာစိုစွတ်နေမယ်ဆိုရင် နံရံကပ်စက္ကူသားဟာ တဖြည်း ဖြည်းချင်းနံရံကနေ ကွာသွားတော့မှာပါ။ နောက်ထပ် အသစ်ပြန်ကပ်ဖို့ လိုအပ်သွားနိုင် တာပေါ့။

Fabric Backed Vinyl

ဒီဗီနိုင်းကတော့ ဗီနိုင်းသားအပြည့်မှာ ရက်ထည်အသားတစ်လွှာထပ်ပြီးအုပ်ထားတာပါ။ နောက်ခံမှာ ရက်ထည်သားပါပြီးမျက်နှာပြင်အလွှာမှာက အဆင် အပြောက်အမွှမ်းဒီဇိုင်းနဲ့ တန်ဆာဆင်ထားတဲ့ ဗီနိုင်း သားပါဝင်တယ်။ သန့်ရှင်းဖို့၊ ဆေးကြောတိုက်ချွတ်ဖို့လွယ်ကူပါတယ်။ ကြာရှည်ခံတဲ့ အဆင့်လည်း မြင့်မား လှတယ်။ ဧည့်ခန်းမတွေ၊ ကလေးတွေရဲ့အခန်းတွေ၊ သီးသန့်ခန်းတွေ၊ မီးဖိုခန်းနဲ့ ရေချိုးခန်းတွေလို အသွား အလာများလှတဲ့နေရာတွေအတွက် အကောင်းဆုံးရွေး ချယ်မှုပါ။ ရက်ထည်နောက်ခံသားဗီနိုင်းတွေဟာ မျက် နှာပြင်ခပ်ကြမ်းကြမ်းနံရံတွေပေါ်မှာ တပ်ဆင်အသုံးပြု တာကလည်း သိပ်ကောင်းတဲ့ ရွေးချယ်မှုပါပဲ။ နံရံကပ် စက္ကူဖယ်ရှားရတော့မယ့်အချိန်မှာလည်း သက်သောင့် သက်သာ အချပ်လိုက်ခွာထုတ်နိုင်ပါတယ်။

ဒီဗီနိုင်းတွေဟာ အင်မတန်ကြာရှည်ခံလှတာ ကြောင့် စီးပွားဖြစ်လုပ်ငန်းတွေမှာ မကြာခဏ အသုံးပြု ကြတယ်။ ရက်ထည်နောက်ခံသားဗီနိုင်းတွေ သုံး မျိုးရှိပါတယ်။ Type 1 မှာ ဟိုတယ်၊ ရုံးအဆောက် အဦတို့လိုကုတ်ခြစ်ရာ၊ ပွန်းရာပဲ့ရာ နည်းပါးနိုင်တဲ့ နေရာတွေမှာသုံးပါတယ်။ Type 2 က ဟိုတယ်၊ ရုပ်ရှင်ရုံအဝင်ခန်းတွေ၊ လူသွားစင်္ကြံတွေလို ကုတ်ခြစ်ရာပွန်းပဲ့ရာ အလယ်အလတ်ရှိတဲ့ နေရာမှာ အသုံးပြုပြီး Type 3 ကိုတော့ ဆေးရုံတွေနဲ့ အစားအစာ ပြင်ဆင်ချက်ပြုတ်တဲ့ နေရာမျိုးတွေလို အသွားအလာများပြီး၊ ပစ္စည်းအရွှေ့အပြောင်းများလှတဲ့ နေရာတွေမှာ အသုံးပြုကြတယ်။ နံရံကပ်စက္ကူကို ဘယ်နေရာမှာ ကပ်ချင်လဲ ကိုယ့်အသုံးပြု ရမယ့်နေရာကိုမူတည်ပြီး အမျိုးအစားသုံးမျိုးထဲက ရွေးချယ်နိုင်ကြတာပေါ့။

Flocked wallpaper

ကတ္တီပါလို၊ အထည်အလိပ်တွေလို နံရံတွေ ဒီဇိုင်းဖန်တီးဖို့ ဒီသိုးမွေးနုအုပ်ထားတဲ့ နံရံကပ်စက္ကူကို အသုံးပြုကြတယ်။ သိုးမွေးထည်ကနေ ရက်ထည်တွေကပ်ပြီး ကတ္တီပါသားပုံစံအဆင်မြင့်အခန်းတွေဖန်တီးအလှဆင်ဖို့ အသုံးပြုကြတဲ့နံရံကပ်စက္ကူအမျိုးအစားပါ။ အင်မတန် ဈေးကြီးမြင့်လှပြီး အဓိကအားဖြင့် အထက်တန်းလွှာတွေမှသာ အသုံးပြုနိုင်ကြတာပါ။ ဒီနေ့ခေတ် သိုးမွေးနုအုပ်တဲ့အဆင့်မှာ နိုင်လွန်၊ ရေယွန်ပိုးတု ဒါမှမဟုတ် ပေါ်လီအက်စတာအမှုန့်တွေ ကို စေးကပ်တဲ့ မျက်နှာပြင်ပေါ်အုပ်ပြီး အောင်မြင်စွာထုတ်လုပ်နိုင်လာကြတယ်။ နူးညံ့တဲ့ အနထအကမန ၊ ခပ်ကြမ်းကြမ်း texture နှစ်မျိုးလုံးရနိုင်ပါတယ်။ နူးညံ့တဲ့ texture ကတော့ ကတ္တီပါသားလိုဒီဇိုင်းမျိုးပါ။ ရေဆေးလို့တော့ မရနိုင်ပါဘူး။ ဒီလိုနံရံကပ်စက္ကူမျိုး အသုံးပြုတော့မယ်ဆိုရင် နေရာအတွက် အသေ အချာရွေးချယ်ရတော့မှာပါ။ ထမင်းစားခန်းနဲ့ ဧည့်ခန်းတွေလောက်ပဲ အသုံးပြုသင့်တာပါ။

နောက်ထပ် Grasscloth wallaper နဲ့ Foil Wallpaper တို့ကိုလည်း ဈေးကွက်မှာ ဝယ်ယူရရှိ နိုင်ပါတယ်။ Grasscloth ကိုတော့ တကယ့်သဘာဝ ပစ္စည်းကျူပင်၊ ဂုန်လျှော်မျှင်တွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး တစ်ချပ်နဲ့တစ်ချပ် pattern တွေ လိုက်ဖက်ဖို့တော့ မဖြစ်နိုင်ပါဘူး။ စွန်းထင်းနိုင်ပြီး ဖယ်ရှားဖို့ ခက်တာကြောင့် အသွားအလာနည်းတဲ့ နေရာမျိုးမှာသာ အသုံးပြုသင့်ပါတယ်။ Foil နံရံကပ် စက္ကူတွေမှာ စက္ကူနောက်ခံမှာ မျက်နှာပြင်ပေါ်ပါးလွှာတဲ့ သတ္တုသားအုပ်ထားတဲ့ နံရံကပ်စက္ကူမျိုးပါ။ Foil နံရံကပ် စက္ကူတွေကများသောအားဖြင့် ဗြောင်အရောင်တွေပဲ အသုံးများကြတယ်။ ပေါ်ပြူလာ ဖြစ်လှတဲ့ အရောင်တွေကတော့ ရွှေရောင်၊ ငွေနဲ့ ကြေးနီရောင်တွေပါ။ အဲဒီနံရံကပ်စက္ကူ တပ်ဆင်ထားရင် ပြောင်လက်တောက်ပနေပြီး အလင်းပြန် နိုင်တဲ့ အရောင်အသွေး မျိုးလင်းလင်းလက်လက်မြင်တွေ့ရမှာပါ။ Foil နံရံ ကပ်စက္ကူဟာ အင်မတန်ပါးလွှာလှပြီး တွန့်ခေါက်လွယ်သလို ဆုတ်ဖြဲဖို့လည်း လွယ်ကူလှတယ်။

မယ်ရူပ

Go to top